Skip to main content

Posts

Featured

တိမ် နဲ့ အိမ်

 ကျွန်တော်က အပြေးသမားပါ သို့ပေမယ့် ခပ်နှေးနှေး ဆူညံမှုတွေရှိလာရင် လစ်ပြေးတယ် သန်းခေါင်ယံ‌အချိန်ဆို ပြေးပုန်းတယ် သံယောဇဉ်ကိုကြောက်လို့ ထပ်ပြေးတယ် နောက်ဆုံးတစ်ခေါက်မှာ အမေ့အိမ်လေးကနေ ထွက်ပြေးဖူးခဲ့ သူမက အိမ်တစ်လုံးပဲ ချိုသာမယ့်စကားတွေ ရွေးပြောတယ် ဘယ်အချိန်ပြန်လာလာ တံခါးဖွင့်‌တယ် နွေးထွေးတဲ့အဝတ်ကို ပေးတယ် အရင်တစ်ခေါက်ပြန်လာတုန်းက ကိုယ့်ခြေထောက်လေးဟာ သနားစရာတဲ့ ဒီဆောင်းဦးကျရင်တော့ ပြောင်းဖူးဝါဝါခင်းလေးဆီ အလည်သွားဖြစ်မယ် -သွင်ထူးသာ

Latest Posts

ငြိမ်း

ခေတ်မီမြို့ပျက်ကြီးများ

နှင်းချော့တေး

The Last Leaf

စက္ကူအိပ်မက်

နှင်းတွေ အိမ်ပြန်လာနေပြီ

လိပ်ပြာကြိုး🦋

ငှက်တေလေ

ဟာသ

🌸ပုဂံလမ်းမှာ ချယ်ရီပန်းတွေ ပွင့်ရင်🌸