တိမ် နဲ့ အိမ်
ကျွန်တော်က အပြေးသမားပါ
သို့ပေမယ့် ခပ်နှေးနှေး
ဆူညံမှုတွေရှိလာရင် လစ်ပြေးတယ်
သန်းခေါင်ယံအချိန်ဆို ပြေးပုန်းတယ်
သံယောဇဉ်ကိုကြောက်လို့ ထပ်ပြေးတယ်
နောက်ဆုံးတစ်ခေါက်မှာ
အမေ့အိမ်လေးကနေ ထွက်ပြေးဖူးခဲ့
သူမက အိမ်တစ်လုံးပဲ
ချိုသာမယ့်စကားတွေ ရွေးပြောတယ်
ဘယ်အချိန်ပြန်လာလာ တံခါးဖွင့်တယ်
နွေးထွေးတဲ့အဝတ်ကို ပေးတယ်
အရင်တစ်ခေါက်ပြန်လာတုန်းက
ကိုယ့်ခြေထောက်လေးဟာ သနားစရာတဲ့
ဒီဆောင်းဦးကျရင်တော့
ပြောင်းဖူးဝါဝါခင်းလေးဆီ အလည်သွားဖြစ်မယ်
-သွင်ထူးသာ
Comments
Post a Comment