The Last Leaf

ရိုးတံကနေခုန်ချသွားတဲ့ 

အိပ်မက်ကလေးဟာ ရွက်ကြွေ


တချို့သော မျှော်လင့်ချက်တွေဟာ

ဘယ်တော့မှပြန်မသွားနိုင်တော့မယ့်

အတိတ်ပင်အိုတွေဆီ


သတ်မသေရဲမှတော့

ရွက်ကြွေတွေရဲ့ဘဝကို ထိုင်ငေးကြည့်နေရုံပဲ


တစ်ရွက်ပြီးတော့ တစ်ရွက်

ဒီလိုနဲ့

တစ်ရက်

ပြီးတော့ တစ်ရက်


-သွင်ထူးသာ

Comments

Popular Posts