နှင်းတွေ အိမ်ပြန်လာနေပြီ
နေလုံးကြီးကို
မော့သောက်တဲ့ တောင်တန်းတွေကြောင့်
ညနေဟာ အစွမ်းကုန်မှောင်သွား
စကားများနေကျ ငှက်တစ်အုပ်ကို
အလုပ်ရှုပ်နေတဲ့ သစ်ပင်တွေရယ်နေတယ်
ဟိုး အဝေးကြီးဆီက မြို့ကလေးမှာလည်း
ချယ်ရီတွေ ကြိုနေရှာလောက်ရောပေါ့
ပြန်လာရင် ဖွင့်ထားမယ့် တံခါးလေး
အေးတောင်နေရော့မယ်
ပိုတယ်ဆိုတာ မရှိတော့
သတိဟာ ရဖို့အတွက်ပဲ မဟုတ်လား
ဝေးနေပေမယ့် မပူပါဘူး အချစ်ရယ်
ဆောင်းဆိုတာ
နောက်တစ်ကြိမ် ပြန်ရောက်လာစမြဲလေ
-သွင်ထူးသာ
Comments
Post a Comment