နှင်းချော့တေး
ဒီဇင်ဘာ ကုန်လုပေါ့
ဒီထက်အေးလာတော့မည်
မနက်ခင်းတေးသံမှအစ နှစ်ဆယ့်လေးနာရီ
မေတ္တာတရားကို ခြုံရုံသင့်ပြီ
သစ္စာစကားတွေ ဖူလုံသင့်သည်
ကြင်ဖော်စုံဝေး ကြယ်ကလေးများတောင်
မှေးစက်စက်အိပ်နေကျ ဥတုရာသီ
နေခြည်ရောင် ပျော်လိမ့်ဦးမည်
နွေးထွေးသော အပြုံးပိုင်ရှင်ဆီ
ဘဝတစ်ခုလုံးစာအတွက်
ယူသိမ်းထားလိုက်ချင်ပေမယ့်
သူ မျက်လွှာချလျှင်ပင် ကျွန်တော်ရှုံးပါသည်။
-သွင်ထူးသာ
Comments
Post a Comment