က ကလေးရေ

ဘယ်နှခါသင်သင်

'ရှင်' မဖြစ်ဘူး

'ဗျာ' လို့ ထူးတဲ့ ညီမလေး

လက်ချင်းထပ်ရေးရင် 

ဝလုံးကလေးလည်း ဝိုင်းလာမယ်ထင်



မျက်စောင်းထိုးချင်တဲ့ စတေကာလေး အစ

ဂျစ်ကန်ကန်အမူအရာလေး အဆုံး

ကလေးပြုံးတိုင်း နှလုံးသားကြီးခုတ်မောင်းတယ်

ဂျူံးဂျူံး ဂျက်ဂျက်

ဂျူံးဂျူံး ဂျက်..နဲ့


သူမသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်

လေညှင်းတို့ဟာ တစ်နေ့ဘယ်နှခါ နမ်းရှိုက်ပါသလဲ

အသက်ရှူရခြင်းကို လိုအပ်သော်လည်း

အသက်ရှင်ရခြင်းသည် သူမကြောင့်

ထို့ကြောင့် ငါမရိုကျိုးတတ်ခဲ့



ကလေးရေ

ဪ...မဟုတ်ဘူး

တစ်စက္ကန့်တစ်မျိူး မရိုးအောင်လှတဲ့

မိုးကျရွှေကိုယ် နတ်သမီးလေး...။


-သွင်ထူးသာ(ဒီည...တကယ်လို့များ)

Comments

Popular Posts